1. ထာဝရဘုရားသည်မြေအိုးတစ်လုံးကိုသွား ရောက်ဝယ်ယူရန် ငါ့အားစေခိုင်းတော်မူ၏။ ကိုယ် တော်ကငါနှင့်အတူအသက်ကြီးသူပြည်သူ့ ခေါင်းဆောင်အချို့နှင့် ယဇ်ပုရောဟိတ်အချို့ တို့ကိုလည်းခေါ်ဆောင်ကာ၊-
2. အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
3. ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-