13. သို့ဖြစ်၍ငါထာဝရဘုရားက၊``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟုလူမျိုးတကာတို့အားမေးမြန်းလော့။
14. လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ထိုတောင်မှစီးဆင်းလာသောအေးမြသည့်ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။
15. သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။လမ်းဟောင်းကိုမလိုက်ကြတော့ပေ။သူတို့သည်အမှတ်အသားပြမထားသည့်မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
16. သူတို့သည်ဤပြည်အားလူသူကင်းမဲ့သော ပြည်၊ထာဝစဉ်စက်ဆုတ်ဖွယ်ကောင်းသောပြည် ဖြစ်စေကြလေပြီ။အနီးမှဖြတ်သန်းသွားလာသူလူအပေါင်း တို့သည် အံ့သြတွေဝေ၍သွားကြလျက်မိမိတို့ဦးခေါင်းကိုခါကြလိမ့်မည်။
17. ငါသည်မိမိတို့လူမျိုးတော်အားအရှေ့လေ တိုက်ခံရသည့်မြေမှုန့်များကဲ့သို့ရန်သူတို့ရှေ့တွင်ကွဲလွင့်၍သွားစေမည်။သူတို့အားငါကျောခိုင်း၍နေမည်။ငါသည်ဘေးအန္တရာယ်ဆိုးကျရောက်ချိန်၌သူတို့ဘက်လှည့်လိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။