ယေ​ရ​မိ 16:1-5 Common Language Bible (BCL)

1. ထို​နောက်​တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-

2. ကိုယ်​တော်​က``ဤ​သို့​သော​အ​ရပ်​တွင်​သင်​သည် အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​မ​ပြု​နှင့်။-

3. ဤ​အ​ရပ်​တွင်​မွေး​ဖွား​သည့်​သား​သ​မီး​များ​နှင့် သူ​တို့​၏​မိ​ဘ​တို့​သည်​အ​ဘယ်​သို့​အမှု​ရောက် ရ​ကြ​မည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်။-

4. ထို​သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​လောင်း များ​ကို​လည်း​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို အ​လောင်း​တို့​သည်​မြေ​ပေါ်​တွင်​နောက်​ချေး​ပုံ များ​ကဲ့​သို့​ရှိ​နေ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် လျှင်​လည်း​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​သေ​ရ​ကြ​လျက် သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​များ ၏​အ​စာ​ဖြစ်​လိမ့်​မည်။''

5. ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သည့် အိမ်​သို့​မ​ဝင်​ရ။ မည်​သူ အ​တွက်​မျှ​လည်း​ဝမ်း​နည်း​ပူ​ဆွေး​မှု​မ​ဖြစ် နှင့်၊ မ​သ​နား​နှင့်။ ငါ​သည်​သူ​တို့​အား​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော့​မည်​မ​ဟုတ်။ မေတ္တာ​က​ရု​ဏာ​ကို​လည်း​ပြ​တော့​မည် မ​ဟုတ်။-

ယေ​ရ​မိ 16