14. ငါ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်ရှိသဖြင့် ငါသည်မိမိလူ မျိုးတော်အားသူတို့မရောက်ဘူးသည့်ပြည် တွင်ရန်သူများ၏အစေအပါးကိုခံစေ မည်'' ဟုမိန့်တော်မူ၏။
15. ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
16. ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
17. ကျွန်တော်မျိုးသည်အခြားသူများနှင့် ရယ်မောလျက် အပျော်အပါးလိုက်စားလျက် အချိန်မဖြုန်းပါ။ ကိုယ်တော်ရှင်ပေးအပ်ထား တော်မူသည့်အလုပ်တာဝန်ကြောင့် ကျွန်တော် မျိုးသည်တစ်ဦးတစ်ယောက်တည်းနေထိုင် ကာအမျက်ဒေါသနှင့်ပြည့်၍လာပါ၏။-