1. အို ဣသရေလပြည်သားတို့၊သင်တို့အတွက်ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ကို နားထောင်ကြလော့။
2. ကိုယ်တော်က``သင်တို့သည်လူမျိုးခြားတို့၏ ကျင့်စဉ်ကိုမလိုက်မလျှောက်ကြနှင့်။မိုးကောင်းကင်တွင်မြင်ရသည့်နိမိတ်လက္ခဏာ များ အတွက်လူမျိုးတကာတို့သည်ထိတ်လန့်ကြစေကာမူ၊သင်တို့မထိတ်မလန့် ကြနှင့်။
3. ထိုသူတို့၏ဘာသာတရားသည်အချည်းနှီး ဖြစ်၏။တော၌သစ်ပင်ခုတ်လှဲပြီးလျှင်ပန်းပုဆရာသည် ဆူးဆောက်ဖြင့်ရုပ်တုကိုထုလုပ်၍၊