ယေ​ဇ​ကျေ​လ 9:1-3 Common Language Bible (BCL)

1. ထို​နောက်​ဘု​ရား​သ​ခင်​က``ယေ​ရု​ရှ​လင်​မြို့ ကို​စောင့်​နေ​သူ​တို့​လာ​ကြ​လော့။ သင်​တို့​နှင့် အ​တူ​လက်​နက်​များ​ကို​လည်း​ယူ​ခဲ့​ကြ လော့'' ဟု​ကျယ်​သော​အ​သံ​နှင့် မိန့်​တော်​မူ သည်​ကို​ငါ​ကြား​ရ​၏။-

2. ထို​အ​ခါ​ချက်​ချင်း​ပင်​လက်​နက်​တစ်​ခု စီ​ကိုင်​ဆောင်​ထား​သော​လူ​ခြောက်​ယောက်​တို့ သည် ဗိ​မာန်​တော်​မြောက်​ဘက်​အ​ပြင်​တံ​ခါး မှ​ထွက်​၍​လာ​ကြ​၏။ သူ​တို့​နှင့်​အ​တူ​ပိတ် ချော​ထည်​ကို​ဝတ်​ဆင်​ကာ စာ​ရေး​ကိ​ရိ​ယာ ကို​ယူ​ဆောင်​လာ​သူ​လူ​တစ်​ဦး​လည်း​ပါ​၏။ သူ​တို့​အား​လုံး​ပင်​ကြေး​ဝါ​ယဇ်​ပလ္လင် အ​နီး​သို့​လာ​၍​ရပ်​ကြ​၏။

3. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကိုး ကွယ်​သော​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​သည် ကျိန်း​ဝပ်​တော်​မူ ရာ​ခေ​ရု​ဗိမ်​များ​မှ​လျှံ​တက်​လျက်​ဗိ​မာန် တော်​အဝင်​ဝ​သို့​ရွေ့​လျား​သွား​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​ပိတ်​ချော​ထည်​ကို​ဝတ် ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင် လာ​သူ​အား​ခေါ်​တော်​မူ​၍၊-

ယေ​ဇ​ကျေ​လ 9