13. ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-
14. မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။-
15. နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
16. အရှင်ထာဝရဘုရားက``အကယ်၍နန်း စံနေဆဲမင်းသားသည်မိမိ၏သားတစ် ယောက်အားမိမိပိုင်မြေယာတစ်ကွက်ကို ပေးအပ်လျှင်ထိုမြေယာကိုထိုသား အမြဲပိုင်စေ၊-
17. သို့သော်မင်းသားသည်မိမိ၏မြေကွက် တစ်ကွက်ကိုကျေးကျွန်တစ်ယောက်ယောက် အားပေးပါမူ ထိုကျေးကျွန်လွတ်လပ်ခွင့် ရချိန်ရောက်သောအခါ ယင်းမြေကွက် သည်မင်းသား၏လက်သို့ပြန်လည်ရောက် ရှိစေ။ ထိုမြေသည်မင်းသား၏မြေဖြစ် သဖြင့်သူနှင့်သူ၏သားများက သာလျှင်အစဉ်အမြဲပိုင်နိုင်၏။-
18. ငါ၏လူမျိုးတော်ဝင်တို့ပိုင်မြေယာများ ကိုသိမ်းယူခြင်းအားဖြင့် သူတို့အားမ နှင်ထုတ်နိုင်စေရန်မင်းသားသည်မိမိ၏ သားတို့အားမိမိပိုင်မြေယာမှသာပေး ရမည်။ ငါ၏လူမျိုးတော်သည်မိမိပိုင် မြေမှမခွဲခွာစေရ'' ဟုမိန့်တော်မူ၏။
19. ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊-