ယေ​ဇ​ကျေ​လ 46:11-16 Common Language Bible (BCL)

11. ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။

12. ``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။-

14. မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-

15. နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။

16. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊-

ယေ​ဇ​ကျေ​လ 46