10. ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
11. သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
12. သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
13. သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-