41. သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
42. တိုးချဲ့ဆောင်တွင်တစ်ကောင်လုံးမီးရှို့ပူဇော်ရာယဇ်ကောင်များကိုပြင်ဆင်ရန်စားပွဲလေးလုံးမှာကျောက်ကိုဆစ်၍ပြုလုပ်ထားလေသည်။ ထိုစားပွဲများသည်အလျားတူအနံတူလက်မသုံးဆယ်စီရှိ၍ လက်မနှစ်ဆယ်မြင့်၏။ ယင်းတို့အပေါ်တွင်ယဇ်ကောင်များကိုသတ်ရန်ကိရိယာတန်ဆာများကိုတင်ထား၏။-
43. ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။
44. ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
45. ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊-