ယေ​ဇ​ကျေ​လ 39:26-28 Common Language Bible (BCL)

26. သူ​တို့​သည်​မိ​မိ​တို့​၏​ပြည်​တွင်​ခြိမ်း​ခြောက် မည့်​သူ​မ​ရှိ​ဘဲ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ ကြ​သော​အ​ခါ ငါ့​အား​သစ္စာ​ဖောက်​ခြင်း ကြောင့်​အ​သ​ရေ​ပျက်​ခဲ့​ရ​ကြောင်း​ကို​မေ့ ပျောက်​နိုင်​ကြ​လိမ့်​မည်။-

27. ငါ​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​ကို​လူ​မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​စေ ရန် ငါ​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​နေ​ထိုင် ရာ​တိုင်း​ပြည်​နိုင်​ငံ​အ​သီး​သီး​မှ​ငါ​ပြန် လည်​ခေါ်​ဆောင်​ခဲ့​မည်။-

28. ထို​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သိ​ရှိ​ကြ​လိမ့်​မည်။ အ ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ယ​ခင်​က​သူ တို့​အား​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​စေ တော်​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​တစ် ယောက်​မ​ကျန်​ပြန်​လည်​စု​သိမ်း​ကာ​မိ​မိ တို့​ပြည်​သို့​ပို့​ဆောင်​တော်​မူ​သော​ကြောင့် တည်း။-

ယေ​ဇ​ကျေ​လ 39