8. ယခုငါသည်သင့်အားထိုသူတို့ကဲ့သို့ ခေါင်းမာ၍ ခိုင်ခံ့မာကြောစေမည်။-
9. ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
10. ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
11. ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
12. ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-
13. သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
14. ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
15. သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
16. ခုနစ်ရက်ကုန်လွန်သောအခါ ထာဝရဘုရား သည်ငါ့အား၊-
17. ``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-
18. ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-