4. ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။
5. သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
6. လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသောထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
7. သင်၏ရွက်များကိုအီဂျစ်ပြည်မှရသော ပန်းထိုးထည်ပိတ်ချောဖြင့်ပြုလုပ်ထားကြောင်းအဝေးကပင် အလံသဖွယ်အလွယ်တကူသိနိုင်၏။သင်၏နေရောင်ကာများသည်ဧလိရှကျွန်း မှရရှိသောမရမ်းစေ့ရောင်အကောင်းစားပိတ်ချောဖြင့် ပြုလုပ်ထား၏။
8. သင်၏လှော်တက်ကိုင်သမားများမှာဇိဒုန် မြို့သားနှင့် အာဝဒ်မြို့သားများဖြစ်၏။လေ့ကျင့်မှုရှိသူတုရုမြို့သားများက သင်္ဘောသားများဖြစ်ကြ၏။