ယေ​ဇ​ကျေ​လ 27:21-24 Common Language Bible (BCL)

21. အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-

22. ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။-

23. ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-

24. သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-

ယေ​ဇ​ကျေ​လ 27