31. သင်သည်အစ်မဖြစ်သူ၏ခြေရာကိုနင်းသ ဖြင့် ငါသည်သူ့အားသောက်စေသောအပြစ် ဒဏ်ဖလားကိုသင့်အားလည်းသောက်စေမည်'' ဟူ၍တည်း။
32. အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ``သင်သည်အစ်မဖြစ်သူ၏ဖလားမှ သောက်ရလိမ့်မည်။ထိုဖလားသည်ကြီး၍စောက်နက်၏။သင်သည်လူတိုင်းတို့၏မထီမဲ့မြင်ပြုခြင်း၊ ပြောင်လှောင်ခြင်းကိုခံရလိမ့်မည်။ဖလားသည်ပြည့်၍နေ၏။
33. ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။
34. သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။
35. အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
36. ထာဝရဘုရားကငါ့အား``အချင်းလူသား၊ သင်သည်အဟောလနှင့်အဟောလိဗတို့ကို တရားစီရင်ရန်အသင့်ရှိပြီလော။ သူတို့သည် စက်ဆုပ်ဖွယ်ကောင်းသောအမှုတို့ကိုပြုသူ များဖြစ်ကြောင်းစွဲချက်တင်လော့။-
37. သူတို့သည်မျောက်မထားမှု၊ လူသတ်မှုတို့ကို ကူးလွန်ကြ၏။ ရုပ်တုများနှင့်မျောက်မထား၍ ငါနှင့်ရသောသားများကိုသတ်ကြ၏။ သူတို့ သည်ငါ၏သားတို့ကိုရုပ်တုတို့အားယဇ် ပူဇော်ကြ၏။-
38. သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
39. ငါ၏သားသမီးများကိုရုပ်တုတို့အားယဇ် ပူဇော်သည့်နေ့၌ပင် ငါ၏ဗိမာန်တော်သို့လာ ၍ဗိမာန်တော်ကိုညစ်ညမ်းစေလျက် ဤသို့ငါ ၏ဗိမာန်ကိုပြုကြသည်တကား။