13. ``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။-
14. သင့်အားငါစီရင်ပြီးချိန်၌သင်သည်ရဲ စွမ်းသတ္တိရှိဦးမည်လော။ မိမိလက်ကိုပင်မြှောက် နိုင်ရန်ခွန်အားရှိပါဦးမည်လော။ ငါထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်မိမိ၏စကား အတိုင်းပြုမည်။-
15. သင်၏လူတို့ကိုငါသည်အတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့်သွား စေလျက်သင်၏ဆိုးညစ်မှုများကိုရပ်စဲပစ် မည်။-
16. သို့ဖြစ်၍သင်သည် အခြားလူမျိုးတို့ရှေ့တွင် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ သို့ရာတွင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
17. ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-