ယေ​ဇ​ကျေ​လ 20:33-38 Common Language Bible (BCL)

33. ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ ငါ​သည်​အ​မျက်​တော်​ထွက်​လျက် သင်​တို့​အား ငါ​၏​ခွန်​အား​ကြီး​မား​သော​လက်​ရုံး​တော် ဖြင့်​တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော် ကို​ဆန့်​လျက်​အုပ်​စိုး​တော်​မူ​မည်။-

34. သင်​တို့​ကို​နိုင်​ငံ​အ​သီး​သီး၊ ကွဲ​လွင့်​လျက် နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ​ပြန် လည်​ခေါ်​ယူ​စု​သိမ်း​ချိန်​၌ သင်​တို့​အား​ငါ ၏​ခွန်​အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် တန် ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော်​ကို ဆန့်​လျက်​အ​မျက်​တော်​ကို​ပြ​မည်။-

35. လူ​မျိုး​တ​ကာ​တို့​နှင့်​ဆိုင်​သော​တော​ကန္တာ​ရ သို့​ခေါ်​ဆောင်​၍ သင်​တို့​ကို​ငါ​ကိုယ်​တိုင် အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-

36. အီ​ဂျစ်​ပြည်​တော​ကန္တာ​ရ​တွင်​သင်​တို့​၏ ဘိုး​ဘေး​များ​ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​ခဲ့ သည့်​နည်း​တူ ယ​ခု​သင်​တို့​ကို​လည်း​အ​ပြစ် ဒဏ်​စီ​ရင်​မည်'' ဟု​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​၏။

37. ``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-

38. သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 20