32. သင်တို့သည်အခြားနိုင်ငံများကဲ့သို့လည်း ကောင်း၊ တိုင်းတစ်ပါးတွင်နေထိုင်သူများကဲ့ သို့လည်းကောင်း၊ သစ်ပင်များ၊ ကျောက်တုံး များကိုဝတ်ပြုရှိခိုးကြမည်ဟုကြံစည် ဆုံးဖြတ်ထားကြ၏။ သို့ရာတွင်ယင်း အကြံမထမြောက်ရ။
33. ``ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့်အညီ ငါသည်အမျက်တော်ထွက်လျက် သင်တို့အား ငါ၏ခွန်အားကြီးမားသောလက်ရုံးတော် ဖြင့်တန်ခိုးအာဏာရှိသမျှနှင့်လက်တော် ကိုဆန့်လျက်အုပ်စိုးတော်မူမည်။-
34. သင်တို့ကိုနိုင်ငံအသီးသီး၊ ကွဲလွင့်လျက် နေရာအတိုင်းတိုင်းအပြည်ပြည်မှပြန် လည်ခေါ်ယူစုသိမ်းချိန်၌ သင်တို့အားငါ ၏ခွန်အားကြီးသောလက်ရုံးတော်ဖြင့် တန် ခိုးအာဏာရှိသမျှနှင့်လက်တော်ကို ဆန့်လျက်အမျက်တော်ကိုပြမည်။-
35. လူမျိုးတကာတို့နှင့်ဆိုင်သောတောကန္တာရ သို့ခေါ်ဆောင်၍ သင်တို့ကိုငါကိုယ်တိုင် အပြစ်ဒဏ်စီရင်မည်။-
36. အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
37. ``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-