ယေ​ဇ​ကျေ​လ 16:34-36 Common Language Bible (BCL)

34. သင်​သည်​ထူး​ခြား​သော​ပြည့်​တန်​ဆာ​ဖြစ်​၏။ အ​ဘယ်​သူ​မျှ​သင့်​အား​အ​ခ​ကြေး​ငွေ​ပေး​၍ ပြည့်​တန်​ဆာ​လုပ်​စေ​သည်​မ​ဟုတ်။ သင်​သည် အ​ခ​ကြေး​ငွေ​လည်း​မ​ရ။ သင်​က​သာ​လျှင် ပေး​၏။ သင်​သည်​အ​ကယ်​ပင်​ထူး​ပါ​ပေ သည်'' ဟူ​၍​တည်း။

35. သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။

36. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။-

ယေ​ဇ​ကျေ​လ 16