23. အရှင်ထာဝရဘုရားက``သင်သည်အမင်္ဂ လာရှိ၏။ အမင်္ဂလာရှိ၏။ သင်သည်ထိုမ ကောင်းမှုများကိုပြုကျင့်ပြီးနောက်၊-
24. စျေးရပ်ကွက်တိုင်းတွင်သင့်အတွက်သင် ကိုးကွယ်ရန် တောင်ကုန်းနှင့် ရုပ်တုကိုးကွယ် ရာဌာနများကိုပြုလုပ်၏။-
25. လမ်းထိပ်တိုင်းတွင်မြင့်သောဝတ်ပြုကိုးကွယ် ရာဌာနများဆောက်၍ မိမိ၏လှပသော အဆင်းကိုစက်ဆုပ်ဖွယ်ကောင်းအောင်ပြု လေပြီ။ လာရောက်သူတိုင်းအားမိမိ၏ ကိုယ်ကိုအပ်ပေး၍ တစ်နေ့တစ်ခြားပြည့် တန်ဆာဖြစ်သည်ထက်ဖြစ်စေ၏။-
26. တဏှာကြီးသူအိမ်နီးချင်းအီဂျစ်အမျိုး သားတို့အား မိမိနှင့်အတူအိပ်စက်ခွင့်ပေး ၍ပြည့်တန်ဆာလုပ်ခြင်းအားဖြင့်ငါ၏ အမျက်တော်ကိုနှိုးဆော်တော်မူ၏။
27. ``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
28. ``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။-