1. တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့အားမိမိပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာ အမှုတို့ကိုညွှန်ပြလော့။-
3. ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။-
4. သင်မွေးဖွားသောအခါအဘယ်သူမျှ သင်၏ချက်ကြိုးကိုမဖြတ်၊ သင့်အားရေ မချိုးပေး။ ဆားနှင့်လည်းမလူး။ အနှီး နှင့်လည်းမပတ်ကြ။-
5. ထိုသို့သင့်အားသနား၍ပြုစုသူတစ် ယောက်မျှမရှိ။ သင်၏အပေါ်တွင်မေတ္တာ ကင်းမဲ့သည်ဖြစ်၍ သင့်အားမွေးဖွားပြီး သောအခါကွင်းပြင်တွင်ပစ်ထားကြ၏။
6. ``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
7. အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။
8. ``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
9. ``ငါသည်ရေကိုယူ၍ သင့်၌ပေကျံနေ သောသွေးကိုဆေးကြော၏။ သင်၏ကိုယ် ကိုသံလွင်ဆီနှင့်လူးပေး၏။-
10. သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
11. သင်ဝတ်ဆင်ရန်ကျောက်မျက်ရတနာများနှင့် လက်မောင်းတွင်ဝတ်ဆင်ရန်လက်ကောက်များ၊ လည်ဆွဲရန်ဘယက်များကိုလည်းကောင်း၊-
12. နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။-