ယေ​ဇ​ကျေ​လ 14:14-20 Common Language Bible (BCL)

14. အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

15. ``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-

16. ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။''

17. ``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-

18. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။''

19. ``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊-

20. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 14