3. သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန်သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။
4. ``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။-
5. သင်တို့သည်ငါ၏ရွှေငွေဥစ္စာဘဏ္ဍာများကို မိမိတို့၏ဘုံဗိမာန်များသို့ယူဆောင် သွားခဲ့ကြ၏။-