ယော​လ 2:20-26 Common Language Bible (BCL)

20. ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။

21. ``အို လယ်​ပြင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။သင်​တို့​အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သောအ​မှု​များ​အ​တွက်၊ ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။

22. အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။

23. ``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။

24. ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။

25. သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။

26. ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။

ယော​လ 2