7. သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
8. အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
9. ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်းစပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။မိမိတို့ထံတွင်ထာဝရဘုရားအတွက်ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
10. လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
11. အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
12. စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။