ယော​ရှု 6:25-27 Common Language Bible (BCL)

25. ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)

26. ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။

27. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။

ယော​ရှု 6