ယော​ရှု 3:1-4 Common Language Bible (BCL)

1. နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ကေ​ရှ​စ​ခန်း​မှ​ယော်ဒန်​မြစ်​သို့​ထွက်​ခွာ လာ​ကြ​သည်။ မြစ်​ကို​မ​ဖြတ်​ကူး​မီ​မြစ်​နား တွင်​စ​ခန်း​ချ​ကြ​၏။-

2. သုံး​ရက်​လွန်​ပြီး​နောက်​ခေါင်း​ဆောင်​တို့​သည် စ​ခန်း​သို့​လှည့်​လည်​၍-

3. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယဇ်​ပု​ရော​ဟိတ်​များ ပင့်​ဆောင်​လာ​သည်​ကို​မြင်​လျှင် သင်​တို့​သည် စ​ခန်း​သိမ်း​၍​သူ​တို့​နောက်​သို့​လိုက်​ကြ​ရ မည်။-

4. သင်​တို့​သည်​ဤ​လမ်း​ကို​တစ်​ခါ​မျှ​မ​သွား ဘူး​သ​ဖြင့် သူ​တို့​က​လမ်း​ပြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​ရ။ သေတ္တာ​တော်​နောက် မှ​မိုင်​ဝက်​ခန့်​ခွာ​၍​လိုက်​ရ​ကြ​မည်'' ဟု လူ​အ​ပေါင်း​တို့​အား​မှာ​ကြား​လေ​၏။

10-11. သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-

14-15. ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊-

ယော​ရှု 3