ယော​ရှု 21:34-41-42 Common Language Bible (BCL)

34. ကျန်​ရှိ​နေ​သော​လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​သည့်​မေ​ရာ ရိ​သား​ချင်း​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မြေ​မှ​မြို့ လေး​မြို့​ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​ယော​က​နံ​မြို့၊ ကာ​တ​မြို့၊-

35. ဒိ​မ​န​မြို့၊ န​ဟာ​လာ​လ​မြို့​တို့​ဖြစ်​ကြ​၏။

36. သူ​တို့​သည်​ရုဗင်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဗေ​ဇာ​မြို့၊ ယ​ဟာ​ဇာ​မြို့၊-

37. ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့​တို့​ဖြစ်​ကြ​၏။

38-39. သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-

40. သို့​ဖြစ်​၍​မေ​ရာ​ရိ​သား​ချင်း​စု​သည်​မြို့​ပေါင်း တစ်​ဆယ့်​နှစ်​မြို့​ကို​ရ​ရှိ​ကြ​သည်။

41-42. အ​ချုပ်​အား​ဖြင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သော​ပြည်​ထဲ​မှ​မြို့​ပေါင်း​လေး​ဆယ့်​ရှစ်​မြို့ နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​၏။

ယော​ရှု 21