6. ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့စသောမြို့ ကြီးတစ်ဆယ့်သုံးမြို့နှင့်ယင်းတို့၏ပတ် ဝန်းကျင်ရှိမြို့များပါဝင်သည်။-
7. ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8. ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9. ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
44-46. ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
47. ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
48. ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။
49. ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-
50. ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုတောင်းဆိုသောဧဖရိမ်တောင်ကုန်း ဒေသရှိတိမနဿေရမြို့ကိုသူ့အား ပေးကြသည်။ သူသည်မြို့ကိုပြန်လည်တည် ဆောက်ကာထိုမြို့တွင်နေထိုင်လေသည်။
51. ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။