ယော​ရှု 19:2-5-14 Common Language Bible (BCL)

6. ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့​စ​သော​မြို့ ကြီး​တစ်​ဆယ့်​သုံး​မြို့​နှင့်​ယင်း​တို့​၏​ပတ် ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

7. ထို့​အ​ပြင်​အင်​မြို့၊ ရိမ္မုန်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန် မြို့​စ​သော​မြို့​ကြီး​လေး​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​လည်း​ပါ​ဝင်​သည်။-

8. ထို​မြို့​ကြီး​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ မှာ​တောင်​ဘက်​ဗာ​လတ်​ဗေ​ရ​မြို့(ရာ​မတ်​မြို့) အ​ထိ​တည်​ရှိ​သော​မြို့​အား​လုံး​ပါ​ဝင်​လေ သည်။ ဤ​နယ်​မြေ​သည်​ရှိ​မောင်​အ​နွယ်​မိ​သား စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ်​သည်။-

9. ယု​ဒ​အ​နွယ်​အ​တွက်​ဝေ​စု​သည်​လို​အပ် သည်​ထက်​ပို​၍​ကျယ်​ဝန်း​သော​ကြောင့် ရှိ​မောင် အ​နွယ်​အား​ထို​နယ်​မြေ​မှ​ခွဲ​ဝေ​ပေး​ခြင်း ဖြစ်​သည်။

ယော​ရှု 19