ယော​ရှု 17:5-10 Common Language Bible (BCL)

5. သို့​ဖြစ်​၍​မ​နာ​ရှေ​အ​နွယ်​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင် ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် များ​အ​ပြင်​ဝေ​စု​ဆယ်​စု​ကို​ရ​ရှိ​လေ​သည်။

6. မ​နာ​ရှေ​အ​နွယ်​အ​မျိုး​သ​မီး​နှင့် အ​မျိုး​သား များ​ပါ​နယ်​မြေ​များ​ကို​ရ​ရှိ​ကြ​သ​ဖြင့် ကျန် ရှိ​သော​အ​ခြား​မ​နာ​ရှေ​အ​ဆက်​အ​နွယ်​တို့ သည်​ဂိ​လဒ်​နယ်​ကို​ရ​ရှိ​ကြ​လေ​သည်။

7. မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-

8. အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-

9. ထို​နောက်​နယ်​နိ​မိတ်​သည်​ကာန​ချောင်း​ဘက် သို့​ဆင်း​လာ​သည်။ ထို​ချောင်း​တောင်​ဘက်​ရှိ မြို့​များ​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​အ​တွင်း ၌​တည်​ရှိ​သော်​လည်း ဧ​ဖ​ရိမ်​အ​နွယ်​က​ပိုင် သည်။ မ​နာ​ရှေ​နယ်​မြေ​နယ်​နိ​မိတ်​သည်​ကာ​န ချောင်း​မြောက်​ဘက်​တစ်​လျှောက်​သွား​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ်​သည်။-

10. ဧ​ဖ​ရိမ်​နယ်​မြေ​သည်​ချောင်း​တောင်​ဘက်​တွင် တည်​ရှိ​၍ မ​နာ​ရှေ​နယ်​မြေ​သည်​ချောင်း​မြောက် ဘက်​တွင်​တည်​ရှိ​၏။ မြေ​ထဲ​ပင်​လယ်​သည်​ထို နယ်​မြေ​နှစ်​ခု​၏​အ​နောက်​နယ်​နိ​မိတ်​ဖြစ် သည်။ အ​နောက်​မြောက်​ဘက်​တွင်​အာ​ရှာ​နယ် မြေ​တည်​ရှိ​၍​အ​ရှေ့​မြောက်​ဘက်​တွင် ဣ​သ​ခါ​နယ်​မြေ​တည်​ရှိ​လေ​သည်။-

ယော​ရှု 17