ယော​ရှု 15:14-18 Common Language Bible (BCL)

14. ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-

15. သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)

16. ကာ​လက်​က``ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​သိမ်း ယူ​နိုင်​သူ​အား​ငါ​၏​သ​မီး​အာ​ခ​သ​နှင့် ထိမ်း​မြား​ပေး​မည်'' ဟု​ဆို​လျှင်၊-

17. ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-

18. ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-

ယော​ရှု 15