1. ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
10. ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11-12. ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။