7. ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။-
8. အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-
9. မောရှေက`သင်နင်းသောမြေကိုသင်နှင့်သင် ၏သားသမီးများအား နယ်မြေဝေစုအ ဖြစ်မုချရရှိစေမည်' ဟုကတိပေးခဲ့ ပါသည်။-
10. ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။-