ယု​ဒ 1:1-4 Common Language Bible (BCL)

1. ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​နှင့်​ယာ​ကုပ်​၏​ညီ​ဖြစ် သူ ယု​ဒ​ထံ​မှ​ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​မေတ္တာ ၌​ခို​လှုံ​လျက် ယေ​ရှု​ခ​ရစ်​စောင့်​ထိန်း​တော်​မူ သော​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး​လိုက်​သည်။-

2. သင်​တို့​သည်​က​ရု​ဏာ​တော်၊ ငြိမ်​သက်​ခြင်း နှင့်​မေတ္တာ​တော်​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ ကြ​ပါ​စေ​သ​တည်း။

3. ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။-

4. အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။

22-23. ယုံ​မှား​သံ​သ​ယ​ဖြစ်​သူ​တို့​အား​က​ရု​ဏာ ထား​ကြ​လော့။ အ​ချို့​သော​သူ​တို့​ကို​မီး​ထဲ မှ​ကယ်​ဆယ်​ကြ​လော့။ အ​ချို့​သော​သူ​တို့​အား ကြောက်​စိတ်​ဖြင့်​သ​နား​က​ရု​ဏာ​ပြ​ကြ လော့။ ကာ​မ​ဂုဏ်​အ​ညစ်​အ​ကြေး​ဖြင့် စွန်း ကွက်​နေ​သည့်​သူ​တို့​၏​အ​ဝတ်​အ​စား​ကို မူ​ကား​စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။

ယု​ဒ 1