မဿဲ 5:34-37 Common Language Bible (BCL)

34. သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-

35. ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။-

36. မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။-

37. သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။

မဿဲ 5