မဿဲ 27:56-63 Common Language Bible (BCL)

56. ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။

57. ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​အ​ရိ​မ​ဿဲ​မြို့​မှ ယော​သပ်​ဆို​သူ​သူ​ဌေး​တစ်​ယောက်​ရောက်​ရှိ​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​တ​ပည့်​တော်​တစ်​ဦး​ဖြစ်​၏။-

58. သူ​သည်​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်​သ​ခင် ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​၏။ ပိ​လတ်​မင်း သည်​အ​လောင်း​တော်​ကို​ယော​သပ်​အား​ပေး​ရန် အ​မိန့်​ချ​မှတ်​လိုက်​၏။-

59. ယော​သပ်​သည်​အ​လောင်း​တော်​ကို​ယူ​၍​ဖြူ​စင်​သော ပိတ်​ဖြင့်​ပတ်​၏။-

60. ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။-

61. သင်္ချိုင်း​ရှေ့​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့်​အ​ခြား မာ​ရိ​တို့​သည်​ထိုင်​လျက်​ရှိ​နေ​ကြ​၏။

62. သော​ကြာ​နေ့​ကုန်​လွန်​၍​ဥ​ပုသ်​နေ့​ရောက်​သော် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ပိလတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-

63. ``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။-

မဿဲ 27