32. ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။-
33. ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
34. အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။-
35. ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''