13. ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။
14. ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။-
15. ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊-
16. ``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
17. ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
18. နံနက်စောစောမြို့သို့ပြန်လည်ကြွလာတော်မူစဉ် ကိုယ်တော်သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
19. လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။