မဿဲ 20:9-22 Common Language Bible (BCL)

9. မန်​နေ​ဂျာ​သည်​ည​နေ​ငါး​နာ​ရီ​ခန့်​ကျ​မှ​ငှား​သည့် အ​လုပ်​သ​မား​များ​အား​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​စီ ပေး​၏။-

10. ပ​ထ​မ​ဆုံး​ငှား​သည့်​အ​လုပ်​သ​မား​များ​အ​လှည့် ကျ​သော​အ​ခါ သူ​တို့​သည်​အ​ခြား​သူ​များ​ထက် ပို​၍​ရ​မည်​ဟု​ထင်​မှတ်​ကြ​၏။-

11. သို့​ရာ​တွင်​သူ​တို့​သည်​လည်း​ဒေ​နာ​ရိ​ဒင်္ဂါး​တစ် ပြား​စီ​ပင်​ရ​ရှိ​ကြ​သ​ဖြင့်၊-

12. `ဤ​သူ​တို့​ကား​တစ်​နာ​ရီ​မျှ​သာ​အ​လုပ်​လုပ်​ကြ ရ​၏။ အ​ကျွန်ုပ်​တို့​မှာ​မူ​တစ်​နေ​ကုန်​နေ​ပူ​ကြဲ​ကြဲ တွင်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ကြ​ရ​ပါ​၏။ သို့​ပါ​လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​ထို​သူ​တို့​နှင့်​ညီ တူ​မျှ​တူ​လုပ်​အား​ခ​ပေး​ပါ​သည်​တ​ကား' ဟု အ​လုပ်​ရှင်​အား​ညည်း​ညူ​ကြ​၏။-

13. ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။-

14. သင်​၏​လုပ်​အား​ခ​ကို​ယူ​၍​သွား​ပါ​လေ။ နောက် ဆုံး​ငှား​သည့်​ဤ​အ​လုပ်​သ​မား​အား​သင့်​ကို​ပေး သ​ကဲ့​သို့​ငါ​ပေး​လို​၏။-

15. ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။

16. ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

17. သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော် မူ​စဉ်​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို​မ​လှမ်း မ​ကမ်း​သို့​သီး​ခြား​ခေါ်​တော်​မူ​ပြီး​လျှင်၊-

18. ``နား​ထောင်​လော့။ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​ရှိ​၏။ ထို​မြို့​တွင်​လူ​သား​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ ၏​လက်​သို့​အပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သူ​တို့ သည်​လူ​သား​အား​သေ​ဒဏ်​စီ​ရင်​ကာ၊-

19. လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

20. ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။

21. ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။

22. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

မဿဲ 20