မဿဲ 20:20-24 Common Language Bible (BCL)

20. ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။

21. ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။

22. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

23. ကိုယ်​တော်​က ``သင်​တို့​သည်​ငါ​၏​ခွက်​မှ​အ​မှန်​ပင် သောက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ နှင့်​လက်​ဝဲ​ရံ​အ​ဖြစ်​ကို​မူ​ငါ​မ​ပေး​ပိုင်။ ဤ​အ​ခွင့် အ​ရေး​များ​သည်​ငါ့​ခ​မည်း​တော်​စီ​မံ​ပြင်​ဆင်​ထား သူ​များ​အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

24. ဤ​အ​ကြောင်း​အ​ရာ​ကို​တ​ပည့်​တော်​ဆယ်​ဦး​တို့ ကြား​လျှင် ထို​ညီ​အစ်​ကို​နှစ်​ယောက်​ကို​စိတ်​ဆိုး ကြ​၏။-

မဿဲ 20