22. ယုဒပြည်တွင်အာခေလသည်ခမည်းတော်ဟေရုဒ် မင်း၏အရိုက်အရာကိုဆက်ခံစိုးစံလျက်နေ၏။ ထိုအကြောင်းကိုကြားသောအခါယောသပ်သည် ထိုပြည်သို့မသွားဝံ့တော့ချေ။ သူသည်အိပ်မက် တွင်ထာဝရဘုရား၏အမိန့်တော်ကိုခံယူရ သည့်အတိုင်းဂါလိလဲပြည်သို့သွား၍၊-
23. နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။