မဿဲ 19:13-18 Common Language Bible (BCL)

13. လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-

14. သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

15. ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။

16. လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။

17. ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။

18. ထို​သူ​က ``အ​ဘယ်​ပ​ညတ်​များ​ပါ​နည်း'' ဟု​လျှောက် လျှင်​ကိုယ်​တော်​က ``လူ့​အ​သက်​ကို​မသတ်​နှင့်။ သူ့​အိမ် ရာ​ကို​မ​ပြစ်​မှား​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။-

မဿဲ 19