မဿဲ 17:18-20 Common Language Bible (BCL)

18. သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။

19. ထို​နောက်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​တစ် ကိုယ်​တည်း​ရှိ​တော်​မူ​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ``အ​ကျွန်ုပ်​တို့​သည်​ထို​နတ်​ကို​အ​ဘယ် ကြောင့်​နှင်​ထုတ်​၍​မ​ရ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

20. ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-

မဿဲ 17