20. ဤအရာများသည်လူကိုညစ်ညမ်းစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းကလူ ကိုညစ်ညမ်းစေသည်မဟုတ်'' ဟုမိန့်တော်မူ၏။
21. သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။-
22. ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး တစ်ယောက်သည်အထံတော်သို့လာပြီးလျှင် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနား တော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူး ဝင်နေသဖြင့်ပြင်းပြစွာဝေဒနာခံလျက် နေပါသည်'' ဟုလျှောက်၏။
23. သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။
24. ထိုအခါကိုယ်တော်က ``ငါသည်ပျောက်နေသော သိုးစုဖြစ်သည့်ဣသရေလအမျိုးသားများအတွက် သာလျှင်လာရောက်ခြင်းဖြစ်သည်'' ဟုဖြေကြား တော်မူ၏။
25. ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာ ရောက်ပျပ်ဝပ်လျက် ``အရှင်၊ ကျွန်မကိုကူမတော် မူပါ'' ဟုလျှောက်၏။
26. ကိုယ်တော်က ``သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုမိန့်တော်မူလျှင်၊
27. အမျိုးသမီးက ``မှန်ပါ၏အရှင်၊ ခွေးများပင် လျှင်မိမိတို့သခင်၏စားပွဲမှကျသည့်စားကြွင်း စားကျန်များကိုစားရကြပါ၏'' ဟုလျှောက်၏။