မဿဲ 13:40-46 Common Language Bible (BCL)

40. ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-

41. လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-

42. တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။-

43. ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

44. ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။

45. ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ ကုန်​သည်​တစ်​ဦး​သည် ပု​လဲ​ကောင်း​ကို​ရှာ​လျက်​နေ​၏။-

46. ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။

မဿဲ 13