1. ထိုနောက်များမကြာမီဥပုသ်နေ့၌သခင် ယေရှုသည် ဂျုံခင်းတို့ကိုဖြတ်၍ကြွတော်မူ၏။ တပည့်တော်တို့သည်ဆာလောင်မွတ်သိပ်သဖြင့် ဂျုံနှံများကိုဆွတ်ခူး၍စားကြ၏။-
2. ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။