မဿဲ 10:14-17 Common Language Bible (BCL)

14. သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-

15. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။

16. ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

17. သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-

မဿဲ 10