မြည်​တမ်း​စ​ကား 3:11-17 Common Language Bible (BCL)

11. လမ်း​နံ​ဘေး​တွင်​ငါ့​ကို​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကာ​စွန့်​ပစ်​ထား​တော်​မူ​ပါ​၏။

12. ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။

13. ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ငါ​၏ ကိုယ်​ခ​န္ဓာ​အ​တွင်း​သို့​ပစ်​လွှတ်​တော်​မူ​ပါ​၏။

14. လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။

15. ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သောဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။

16. ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။

17. ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။

မြည်​တမ်း​စ​ကား 3