မြည်​တမ်း​စ​ကား 2:12-16 Common Language Bible (BCL)

12. သူ​တို့​သည်​ရေ​ငတ်​ဆာ​လောင်​သ​ဖြင့်​မိ​ခင် များ​ထံ​တွင် ငို​ကြွေး​လျက်​နေ​ကြ​၏။ဒဏ်​ရာ​ရ​သူ​များ​ကဲ့​သို့​သူ​တို့​သည် လမ်း​များ​ပေါ်​တွင်​လဲ​ကျ​ကာမိ​ခင်​များ​၏​ရင်​ခွင်​၌​တ​ဖြည်း​ဖြည်း သေ​ဆုံး​သွား​ရ​ကြ​လေ​သည်။

13. အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။

14. သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။

15. မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။

16. သင်​၏​ရန်​သူ​အ​ပေါင်း​တို့​သည်သင့်​ကို​ပြောင်​လှောင်​ကြ​လျက်​မုန်း​စိတ်​နှင့် စိုက်​၍​ကြည့်​ကြ​၏။သူ​တို့​သည်​မဲ့​ရွဲ့​ကာ​နှာ​ခေါင်း​ရှုံ့​လျက်``သူ့​ကို ငါ​တို့​သုတ်​သင်​ဖျက်​ဆီး​လိုက်​ကြ​လေ​ပြီ။ဤ​နေ့​ကား​ငါ​တို့​စောင့်​မျှော်​နေ​ခဲ့​သည့်​နေ့​ပေ တည်း'' ဟု​ဆို​ကြ​၏။

မြည်​တမ်း​စ​ကား 2